ဘလော့စာမျက်နှာကို PODCAST အသွင်ပြောင်းလဲ၍
မိမိကိုယ်တိုင်ပေါ့ကတ်(စ်)တစ်ခုတည်ဆောက်ခြင်းဖြစ်ပါသည်။
အဆင့် (၁) BLOGGER >>> SETTING >>> FORMATTING ကိုသွားပြီး
Show Link Fields ကို YES ဟုပြင်ပြီးသိမ်းပေးပါ။
အဆင့် (၂) http://feedburner.google.com ကိုသွားပါ။ မိမိဘလော့လိပ်စာကိုရိုက်ထည့်ပါ။ I am podcaster ကို check လုပ်ပြီးနောက်ပုံမှန်အတိုင်း feedburner feed တစ်ခုတည်ဆောက်ပေးပါ။
အဆင့် (၃) http://site.google.com (သို့) နှစ်သက်ရာဆိုက်တစ်ခုခုမှာ အသံဖိုင်ကို upload တင်ပေးပါ။
အဆင့် (၄) BLOGGER ကိုပြန်သွားပြီး POST အသစ်တစ်ခုရေးပါ။
(က) ခေါင်းစဉ်ရေးပါ။
(ခ) ခေါင်းစဉ်နှင့်အသံဖိုင်ကို လင့်ချိတ်ဆက်ပေးပါ။
(ဂ) စာကိုယ်မှာအသံဖိုင်နှင့်သက်ဆိုင်သည့်အချက်အလက်များရေးပါ။
===> ခေတ္တမျှစောင့်ဆိုင်းပြီး Feedburner Feed မှာစစ်ကြည့်လျှင် အသံဖိုင်အလိုလျောက်တက်လာသည်ကို တွေ့ရမည်ဖြစ်သည်။
===> ၄င်း Feedburner Feed Link ကို Podcast Receiver များထဲသို့ထည့်သွင်း၍သော်လည်းကောင်း
Email Subscribe ပြုလုပ်၍သော်လည်းကောင်း အင်တာနက်ပေါ်တွင် အသံဖိုင်များအလိုလျောက်ဖြန့်ချီ၍ ကိုယ်ပိုင်ပေါ့ကတ်(စ်)ရေဒီယို တစ်ခုလွှင့်တင်နိုင်မည်ဖြစ်သည်။
===> http://cherrymyodaw-podcasts.blogspot.com မှာနမူနာလေ့လာနိုင်ပါသည်။